(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အ-ထ-က(ရွှေသောင်ယံ) ၌ ကျင်းပ

ရွှေသောင်ယံ ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊အ-ထ-က(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က (၂၀၂၃-၂၀၂၄)ပညာသင်နှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို ကျင်းပပြု လုပ်ခဲ့ကြသည်။

ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းရာတွင် ဆရာတော်(၃)ပါးပင့်ဆောင်၍ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များနာကြားခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းရခြင်းကြောင့်ရရှိလာ သောအကျိုးကျေးဇူးများကို ဆရာတော်များ ထံမှနာကြားခြင်းဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ကြသည်။

ထို့နောက် ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား မုန့်ဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)