သတင်းများ

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့ နေထိုင်ကြကြောင်း သိရသည်။
မုဒုံမြို့ အ.ထ.က (ကော့ပရံ) စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 15,2023
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူလူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (ကော့ပရံ) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကောင်ရာ)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 15,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကောင်ရာ)၏ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အ.လ.က(ကောင်ရာ) ပညာအလင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ပန်းအလှပြင်သင်တန်းဖွင့်လှစ်
Sep 15,2023
အမျိုးသမီးငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ပန်းအလှပြင်သင်တန်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 15,2023
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက ကျင်းပခဲ့သည်။
ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အလုံမြို့နယ်၌ “သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်‌ရေး” မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Sep 15,2023
"အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်‌ရေး" မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။