မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကောင်ရာ)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မံစီ စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကောင်ရာ)၏ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အ.လ.က(ကောင်ရာ) ပညာအလင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိကြီး ဦးလဆန်ယော်ထုံက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား/သူများက “အနာဂတ်လူရည်ချွန်’’သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယဦးစီးမှူး ဦးထက်ဦးမာန်၊ ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးလဆန်၊ ဒု-မြို့နယ်ပညာရေးမှူး  ဦးဘရန်လီနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နူးဂျန်က  ကျောင်းအဆင့်  တိုးမြှင့်နိုင်ရေးအတွက်  ဆောင်ရွက်ရမည့်အချက်များနှင့် ရှေ့လုပ်ငန်းစဉ်(၇)ချက်ကို တင်သွင်းခဲ့ပြီး နှစ်ပတ်လည်အစီရင်ခံစာကို ဆရာဦးယော်ထုံမှ ဖတ်ကြားခဲ့သည်။

ဆက်လက်၍ သဘာပတိကြီးမှ ၂၀၂၃-၂၀၂၄ခုနှစ်၊ပညာသင်နှစ်အတွက်အမှုဆောင်သစ်များ ရွေးချယ်အတည်ပြု တင်မြောက်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွင်း  ထူးချွန်ဆုရရှိသူ ကျောင်းသား/သူ (၃၉)ဦးနှင့် ကျောင်းတွင်လိုအပ်သည့် ဝေယျာဝစ္စ အသီးသီးအား လှူဒါန်းပေးကြသည့် အလှူရှင်များနှင့် ထူးချွန်ဆရာ ဆရာမများအား ဂုဏ်ပြုဆုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး   ကျောင်းသား/သူလေးများ၏ “ ဘယ်ပန်းချီရေးလို့မမှီ တယော

တေးသံသာ’’ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)