ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကန်သာယာရပ်ကွက်အနိမ့်ပိုင်းရှိ လူနေအိမ်တချို့ရေများဝင်ရောက်

ဘီးလင်း စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေများ စီးဆင်းမှုကြောင့် ကန်သာယာရပ်ကွက် (၇) အနိမ့်ပိုင်းရှိ လူနေအိမ်တချို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက  ရေများဝင်ရောက်လာသည့် အတွက်အိမ်ထောင်စု (၃၀) အား ရေဘေးကယ်ဆယ်ရေးစခန်း ဓမ္မာဝိဟာရဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့သည်။

အဆိုပါ ရေကြီးနစ်မြုပ်ခံရသော  ကန်သာယာရပ်ကွက် (၇) ရှိ အိမ်ထောင်စု (၃၀) မှ ကျား (၂၇) ဦး၊ မ (၆၆) ဦး စုစုပေါင်း (၉၃) ဦးတို့အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးနိုင်အောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးမင်းတင်ဦးစီးအဖွဲ့၊ ဘီးလင်းတပ်နယ်မှ ဗိုလ်ကြီးမျိုးသီဟထွန်း ဦးစီးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးထွန်းထွန်းလင်းအဖွဲ့တို့က စုပေါင်း၍ ရေဘေးကယ်ဆယ်ရေးစခန်း ဓမ္မာဝိဟာရ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)