ရမ်းဗြဲ စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊ (အ.ထ.က)ပုလုပ်တောင်ကျောင်း၌၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မိုးရာသီအားကစားသင်တန်း Physical fitness dance (အေရိုဗစ်)သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျန်းမာကြံ့ခိုင်သော ကျောင်းသူ/ ကျောင်းသားများဖြစ်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၆-၉-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) နေ့ထိဖြစ်ပြီး၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ပြသသင်ကြားသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းသို့ ကျောင်းသား (၃၀)ဦး၊ ကျောင်းသူ(၆၀)ဦး၊ စုစုပေါင်း(၉၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အောင်တင်ကြည်