သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဆီကုန်သည်အသင်းမှ ကိုယ်စားလှယ် များနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဒေသထွက်ခရမ်းချဉ်သီးများ စျေးအနည်းငယ်ကျဆင်းလာ
Sep 14,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဥ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေး
Sep 14,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ နေ့စဉ်ရောင်းချဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 14,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရန်အတွက် ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 14,2023
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ဖြုတ်ခွဲကျေးရွာ အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများအား စားသောက်ရေးအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး
Sep 14,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအဖွဲ့က ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက မနောသုခဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာနကော့မှူး၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 14,2023
ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။