ပုဗ္ဗသီရိ စက်တင်ဘာ ၁၄
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ဖြုတ်ခွဲကျေးရွာ အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှရီ ဦးစီးသည့် အရာထမ်း၊ အမှုထမ်းတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၂၈)ဦးတို့သည် အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်းရှိ မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျကောက်ယူ၍ စွန့်ပစ်ရှင်းလင်းခြင်းတို့ကို စုပေါင်းညီညာစွာ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)