သတင်းများ

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကြိုးကြာတောင်ပံခတ်သံစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နေပြည်သူများအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုနှင့် ပန်းမြို့တော်စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် ပျိုးပင်များအား ကြည့်ရှုစစ်ဆေး
Sep 14,2023
မြစ်ကြီးနားမြို့နေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ် ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည် ကြီးများ အသင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်‌ဈေး၌ ရောင်းချရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စည်ပင် သာယာ‌ရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးသည်။
ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၁)နာရီအချိန်၌ အားကစားဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲ အခမ်းအနားကျင်းပဆောင်ရွက်သည်။
နမ့်ဆန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Sep 14,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းနှင့် ပတ်သတ်၍ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ ငဝန်တာ တစ်လျှောက် တာကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်မှုကြောင့် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ စက်တင် ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှ စတင်၍ ငဝန်တာ အမှတ်(၇)၊ အမှတ်(၈)‌ ရေကင်းတာစခန်းများသို့ သွားရောက်ကာ ငဝန်တာ ကြံ့ခိုင်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် အစည်းအဝေးကျင်းပ
Sep 14,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 14,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဒလမြို့၊ ဗညားဒလရပ်ကွက် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဆီကုန်သည်အသင်းမှ ကိုယ်စားလှယ် များနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။