လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကော့မှူး စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများ စိတ်ကူးစိတ်သန်းနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ သွက်လက်ထတ်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ပေး ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-(၃) အင်အားပြ ဒေါ်နှင်းအေးခိုင် (ခ) ဒေါ်ဇင်မာထွန်းက ဆုများပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)