မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျရောစပ် ကြဲပက်
Sep 20,2023
ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ကွင်းအမှတ်- ၁၄၂၄(ခ)၊ ထီလုံအလယ်ကွင်း၊ တောင်သူဦးရာမူးပါ ၂၅ ဦး၏မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။