လောက်ကိုင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ခရိုင်အဆင့်မှ ဒေသအဆင့်သို့ ပြောင်းလဲဖွင့်လှစ်ခြင်း ဆိုင်ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ ဒေသလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဒုတ်ယညွှန်ကြားရေးမှူး ဦးအေးသိန်းတို့က ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ဒေသဆိုင်းဘုတ်အား နံ့သာရေများ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ ဒေသလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးသိန်း၊ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ညိုညိုဝင်း (လောက်ကိုင်)