သတင်းများ

စလင်းမြို့နယ်၌ ရောင်စုံမီးပုံးကလေးများနှင့် သီတင်းကျွတ်အခါတော် ဝါကျွတ်မီးပုံးအရုပ်များ ဝယ်ယူသူ များပြားလျက်ရှိ
Oct 18,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ပြည်တွင်းဖြစ် ရောင်စုံမီးပုံးကလေးများနှင့် ကလေးကစားစရာ မီးထွန်းအရုပ်များ ဝယ်ယူ များပြားလျက်ရှိကြောင်း ရောင်စုံမီးပုံးကလေးများနှင့် ရောင်စုံအရုပ် ထုတ်လုပ်ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 18,2023
ကျေးလက်တောင်သူများနှင့် ပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာများ၌ ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပိုင်းကြံ့ခိုင်မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(၆၈) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပိုင်ကျုံမြို့၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၆၈)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
ထီးချိုင့်မြို့နယ်တွင် မိုးစပါး တင်း (၁၀၀)အထက် ထွက်ရှိရေး စံပြကွတ်အား စံကွက်ရိတ်သိမ်း
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင် ဝန်ထမ်းများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍  တည်တောကျေးရွာအုပ်စု၊ ကုက္ကိုကုန်း‌ကျေးရွာ တောင်သူဦးကျော်ထူးအောင် ကွင်းအမှတ် ၈၃၉ A ၊ ဦးပိုင်အမှတ် (၃၈)၏ လယ်တွင် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မိုးစပါး စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယ‌နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့တွင် စားဖိုဆောင်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ တောင်သူ ဦးတင်အောင်သည် စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ မုန်ညှင်း၊ ချဉ်ပေါင်၊ နံနံနှင့် ရုံးပသီတို့ကို စိုက်ပျိုး ရောင်းချ ခြင်းဖြင့် တစ်ရက်လျှင် ဝင်ငွေ(သုံးသောင်း) ဝန်းကျင်ရရှိပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ သည်။
ကြံခင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း၊ နာရီစင်ရှေ့နှင့် လမ်းမတော်လမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ကြသည်။
စစ်ကိုင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး
Oct 18,2023
စစ်ကိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဝါးချက်ကျေးရွာနှင့် အာလောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း အသက်အကြီးဆုံးအဘွားအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
Oct 18,2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့" အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့သော မြန်အောင်ခရိုင် အတွင်းရှိ အသက်အကြီးဆုံး အဘိုး/အဘွားများအတွက် ဂုဏ်ပြုထောက်ပံ့သော ထောက်ပံ့ငွေ အား ကြံခင်းမြို့နယ် ခုံကြီးကျေးရွာအုပ်စု၌ နေထိုင်သည့် အသက်(၁၀၉)နှစ်ရှိ အဘွား ဒေါ်လှတင်ထံသို့ ယမန်နေ့ နံနက်ပိုင်းက ဂုဏ်ပြုထောက်ပံ့ငွေ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။