လေးမျက်နှာ ဇန်နဝါရီ ၁၄
လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် အ.မ.က ကြည်တော်စုကျောင်းတွင် ယမန်နေ့နံနက် ၈ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပရာ ရှေးဦးစွာ ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ချိုချိုခိုင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အ.မ.က ကြည်တော်စု ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းထွဋ်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး ဆုပေးပွဲကိုကျင်းပရာ ဆုရရှိခဲ့သော ကျောင်းသား/သူများအား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများက အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)