ကာလိ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့ အခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း(မိုင်းယိုင်း)မှ ကျောင်းသား၊ ကျောင်းသူများက "မြတ်ဆရာ" သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ အခြေခံခပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိုးစိုးဝင်းက အမှာစကားပြောကြားခြင်းနှင့် ကျောင်းကော်မတီတစ်ဦးမှ အမှာစကားပြောကြားကာ အခြေခံပညာမူလတန်း(မိုင်းယိုင်း) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိများက ဆုများအသီးအသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်းသိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)