ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ထန်းတပင် ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင်လည်း မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် တာဝန်ရှိသူများက အုတ်ဖိုကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ (၁၀၆.၇၀၀)ကျပ်သန်းဖြင့် ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် (၁/၂.၆၀၆) မိုင်၊ အကျယ်(၁၂) ပေ၊ ထု (၉)လက်မခင်းခြင်းလုပ်ငန်း၊ ထိန်နှစ်ပင်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ (၅၉.၄၃၇)ကျပ်သန်းဖြင့် ကုန်ထုတ်ဂဝံလမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် (၁/၀.၄၈၅) မိုင်၊ အကျယ်(၁၂) ပေ၊ ထု (၉)လက်မခင်းခြင်းလုပ်ငန်းနှင့် ကြို့ပင်ဝိုင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ (၁၇၉.၉၄၀)ကျပ်သန်းဖြင့် ကျေးရွာကုန်ထုတ်မြေသားလမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည်ပေ (၁/၄) မိုင်၊ အကျယ်( ၁၈) ပေ၊ ထု (၂) ပေခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

အုတ်ဖိုကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း၊ ထိန်နှစ်ပင်ကျေးရွာတွင် ကုန်ထုတ်ဂဝံလမ်းခင်းခြင်းနှင့် ကြို့ပင်ဝိုင်းကျေးရွာတွင် ကုန်ထုတ်မြေသားလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ သြဂုတ်လနောက်ဆုံးအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းများကို (၁၀၀) ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်