ရေတာရှည်မြို့နယ်၌ တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးမှ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်

ရေတာရှည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊​ရေတာရှည်မြို့နယ်၊ ခုတင်(၂၅)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် အဖွဲ့သည်မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်​ရေးစီမံကိန်းအရ ပြည်သူများအား ယမန်နေ့နံနက် (၉)နာရီအချိန်မှစတင်ကာမြို့ နယ်ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မျက်စိအထူးကု၊​ ဒေါက်တာ​ ဒေါ်ခင်ဝင်းမော်နှင့် အဖွဲ့သည်မျက်စိ၌ ဖြစ်တတ်​သော ရောဂါအမျိုးမျိုး၊ မျက်ခမ်းစပ်နှင့် မျက်မမြင်ရောဂါများ၊ ရေတိမ်၊ အတွင်းတိမ်များကို စမ်းသပ်ပေးပြီးခွဲစိတ်ရမည့် လူနာများကိုလည်း စစ်​ဆေး​၍ ရက်ချိန်းများ​ပေးကာ လာရောက်ခွဲစိတ်​ပေးမည့်ရက်တွင် ဆက်သွယ်​ဆောင်ရွက်​ပေးသွားမှာဖြစ်​ကြောင်း သိရသည်။

ထိုသို့နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရေတာရှည်မြို့နယ် ကုသရေးဦးစီးဌာနဆေးရုံအုပ်ကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)