ရေနံချောင်းမြို့နယ် ရုံးဆိပ်မြောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရေနံချောင်း ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ဆားတိုင်ကျေးရွာအုပ်စု ရုံးဆိပ်မြောက်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးထွန်းမင်းနှင့် ဝန်ထမ်းများ၊ စီမံကိန်းတာဝန်ခံများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ တိုးတက်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ရုံးဆိပ်​​မြောက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၅၈)ဦးအား ချေးငွေ(၂၀.၇)၊သန်း၊ မွေးမြူ၊ရေးလုပ်ကိုင်သူ(၄၃)ဦးအား ချေးငွေ(၁၅.၅)သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၅)ဦးအား ချေးငွေ(၁.၈)သန်း စုစုပေါင်းချေးငွေ(၃၈)သန်းကို အသင်းသား(၁၀၆)ဦးအား ပဉ္စမအကြိမ်မြောက် ထုတ်ချေးထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)