မိုင်းယောင်း ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗလမင်းထင်ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုပေါင်း၍ (၁/၂၀၂၄)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသူများက (၁/၂၀၂၄)လအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် (၂/၂၀၂၄)အတွက် အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ပြုလုပ်ကျင်းပခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ဟောင်ကြန့်အုပ်စု၊ နမ့်ယွန်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တော်ဝင်မိုင်းယောင်း တန်(၃၀)ကျ ဆန်စက်လုပ်ငန်းလည်ပတ်နေမှုအားလည်းကောင်း၊ ဝမ်ကောင်းအုပ်စု၊ ဝမ်တောင်းကျေးရွာ၊ ဓါတ်လုံစေတီတော်တွင် စေတီတော်မြင်ကွင်းရှင်းအောင် စောင်းတန်းများ ပြုပြင်တည်ဆောက်နေမှုနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံဆရာတော်အား သွားရောက်ဖူးမြော်ပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ယင်းနောက် ဝမ်ဘိုးအုပ်စု၊ ဝမ်ပုံကျေးရွာ ဝမ်ပုံဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဦးဆောင်၍ ဝမ်ပုံစေတီတော်တည်ထားနေမှုအား သွားရောက်ကြည့်ရှဖူးမြော်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)