သတင်းများ

အင်္ဂပူမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေး
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နေ့လယ် (၁) နာရီအချိန်ခန့်က အင်္ဂပူမြို့နယ်၊ အမှတ်(၂) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း (ပြည်) ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းကျင်းပ
Jan 30,2024
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပြည်) တို့ ပူးပေါင်းကျင်းပသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပသည်။
ဝါးခယ်မမြို့နယ်အတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့ပေါ် ရပ်ကွက်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ မြို့နယ်အတွင်း ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်းများနှင့် တွေ့ဆုံ၍ ယနေ့နံနက် ၁၀ နာရီက သမဝါယမအသင်းစုလီမိတက်ရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း ရပ်ကွက်အတွင်း စတင်ဆောင်ရွက်လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 30,2024
ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရောင်ခြည်ဦးရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရောင်ခြည်ဦးရောင်းဝယ်ရေးသမဝါယမ အသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်
Jan 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး ၍ မြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက် ဆင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ ညောင်ငူ‌ကျေးရွာအတွင်းရှိ ဘုန်တော်ကြီးကျောင်းနှင့် နေအိမ်များအား လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။