ဝါးခယ်မ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့ပေါ် ရပ်ကွက်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတိုးနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များသို့ မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးဖိုများ စနစ်တကျအသုံးပြုမှုရှိ၊ မရှိ၊ မီးချိတ်မီးကတ်များ စနစ်တကျထားရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့ပေါ်စားသောက်ဆိုင် များနှင့် ဟိုတယ်များတွင် မီးသတ်ဆေးဘူးများ စနစ်တကျထားရှိစေရေး၊ မီသတ်ပိုက်လိပ်များ (Fire House Reel) စနစ်တကျတပ်ဆင်ထားမှုများ၊ မီးလောင်မှု၊ မီးလပ်မှုများဖြစ်ပွားလာပါက အရေးပေါ် ထွက်ပေါက်/ လှေကားများထားရှိစေရေး၊ fire alarm system တပ်ဆင်ထားမှုများ၊ လျှပ်စစ်မီးကြို များ၊ ဝါယာကြိုးများနှင့် လျှပ်းစစ်မီးဖိုများအား စနစ်တကျအသုံးပြုစေရေး၊ ဆီဆိုင်များတွင် မီးသတ်ဆေးဘူးများ၊ မီးသတ်ဘောလုံးများ (fire ball) တပ်ဆင်ထားရှိမှုနှင့် Ground Tank များ စနစ်တကျထားရှိမှုများကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)