မရမ်းကုန်းမြို့နယ်အတွင်းရှိ ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မရမ်းကုန်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ မြို့နယ်အတွင်း ဖွဲ့စည်းထားသော အခြေခံသမဝါယမအသင်းများနှင့် တွေ့ဆုံ၍ ယနေ့နံနက် ၁၀ နာရီက သမဝါယမအသင်းစုလီမိတက်ရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ဦးစီးအရာရှိက အသင်းပိုင်ရင်းနှီးပစ္စည်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အခွန်ပေးဆောင်ရမည့် ကိစ္စရပ်များ၊ မီးအာမခံထားရှိရေး ကိစ္စရပ်များ၊ စာရင်းစစ်ဆေးခြင်းကိစ္စရပ်များနှင့် အသင်းများမှ ဆက်လက်​ဆောင်ရွက်ရန်လိုအပ်သည့်​ ရှေ့လုပ်ငန်းစဥ်များကို အသေးစိတ်ရှင်းလင်းဆောင်ရွက်ခဲ့ပြီး အသင်းများမှ ​မေးမြန်းဆွေးနွေးချက်များကို မြို့နယ်ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း‌ပြောကြားခဲ့ပြီး အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ဦးစီးအရာရှိနှင့် ဦးစီးမှူးများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အခြေခံသမဝါယမအသင်းများမှ အမှု့ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယဉ်မော် (ပြန်/ဆက်)