သတင်းများ

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်း ၊Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦ မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆက်လက်‌ ဆောင်ရွက်
Feb 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦး မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်၊ ခုတင် ၃၀၀ ဆေးရုံတွင် သံဃာတော်နှင့် သီလရှင်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းများ လိုက်လံကြည့်ရှု
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ခုတင် ၃၀၀ ဆေးရုံတွင် သံဃာတော်နှင့် သီလရှင်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ နွေရာသီအခြေခံလူငယ်ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြား
Feb 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘော်လုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်မည့် နွေရာသီ အခြေခံလူငယ်ဘောလုံးသင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ညနေ ၃ နာရီခွဲမှ ၅ နာရီအထိ သင်တန်းနည်းပြဆရာများက အခြေခံ‌ဘောလုံးကစားနည်းများကို စနစ်တကျ သင်ကြား‌ပေးလျက်ရှိ‌ကြောင်း သိရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်ပို့ချ
Feb 26,2024
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံကဗျာရေးစပ်နည်း သင်တန်းကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အခမဲ့ ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ ပထဝီဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များကို စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုလျက်ရှိ
Feb 26,2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 စာမေးပွဲများကို ယနေ့နံနက် (၉) နာရီအချိန်တွင် စာစစ်ဌာနများအလိုက် ကျင်းပလျက်ရှိရာ ပထဝီဘာသရပ်နှင့် သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Feb 26,2024
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။
ကျောက်ဖြူမြို့တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Feb 26,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်သည်။
လူထုအခြေပြုဗဟိုဌာန(Lashio)တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Feb 26,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။