သရက်ချောင်းမြို့နယ်၌ နွေရာသီအခြေခံလူငယ်ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြား

သရက်ချောင်း      ဖေဖော်ဝါရီ      ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘော်လုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်မည့် နွေရာသီ အခြေခံလူငယ်ဘောလုံးသင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ညနေ ၃ နာရီခွဲမှ ၅ နာရီအထိ သင်တန်းနည်းပြဆရာများက အခြေခံ‌ဘောလုံးကစားနည်းများကို စနစ်တကျ သင်ကြား‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းမှ အသက်(၉)နှစ်မှ (၁၄)နှစ်အတွင်းရှိ ကလေးသူငယ်(၄၀)ဦးခန့် လာရောက်သင်ကြားလျက်ရှိပြီး အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာများက သွေးပူလေ့ကျင့်ခန်းလုပ်နည်း၊ ဘော်လုံးထိန်းနည်း၊ ဘော်လုံးဆွဲနည်း၊ အကြောလျော့နည်း၊ အခြေခံ‌ဘောလုံးကစားနည်းများကို တတ်မြောက်အောင်ကစားနိုင်ရန် သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ စိတ်ပါဝင်စား၍ သင်တန်းတက်ရောက်လိုပါက မိဘအုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ကြောင်း မြို့နယ်ဘော်လုံးအဖွဲ့ချုပ်တာဝန်ရှိသူထံမှသတင်းရသည်။

အဆိုပါနွေရာသီ အခြေခံလူငယ်ဘော်လုံးသင်တန်းကို  ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ၊ နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ သရက်ချောင်းမြို့၊ ပန်းတောဘောလုံးကွင်းတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)