ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ခုတင် ၃၀၀ ဆေးရုံတွင် သံဃာတော်နှင့် သီလရှင်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခုတင် ၃၀၀ ဆေးရုံတွင် သံဃာတော်နှင့် သီလရှင်များအား အသည်းရောင်/အသားဝါ ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အဖွဲ့ဝင်(၁)ဦးရဲမိုး၊ အဖွဲ့ဝင်(၂)ဦးဇေယျာလင်း၊ အဖွဲ့ဝင်(၃)ဦးမြင့်စိုး၊ အဖွဲ့ဝင်(၅)ဦးဟန်သူနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းငွေ၊ ခုတင် ၃၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြရာ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ညွှန်ကြားကာ မွန်းလွဲ ၂ နာရီအချိန်တွင် ပြန်လည်ထွက်ခွာကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)