၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကျိုက်မရော မတ် ၁၁

၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီက မြန်မာတစ်နိုင်ငံလုံး စတင်ဖြေဆိုလျက်ရှိရာ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ​ ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် အ.ထ.က (ကျိုက်မရော) ကျောင်း၌ စာစစ်ဌာနတစ်ခုတည်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ရှိသူ (၃၃၇) ရှိသည့်အနက် ကျောင်းတွင်းဝင်ရောက်ဖြေဆိုသူ (၂၉၄) ဦး၊ အလွတ်ဖြေဆိုသူ (၉) ဦး၊ စုစုပေါင်း  (၃၀၃) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်သူ (၃၄) ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း(၈၉. ၉၁) ဖြစ်ကြောင်း သိရသည်။

ယနေ့တက္ကသိုလ်ဝင်တန်း (G-12) ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)