တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
Feb 22,2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ စာသင်သားများ တက်ရောက်ကြသည်။