သတင်းများ

တာမွေမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Feb 20,2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် ထိုင်ဝမ်သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာတွင် ထိုင်ဝမ်သင်္ဘောစိုက်ခင်းများ စိုက်ပျိုးရောင်းချကာ နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း ထိုင်ဝမ်သင်္ဘောစိုက်ခင်းပိုင်ရှင် ဦးသိန်းမြင့်ထံက သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်း စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား အောင်မြင်ပြီးစီး
Feb 20,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ညနေ နှစ်ပိုင်းခွဲ၍ (၅)ရက်တိုင်တိုင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပအောင်မြင် ပြီးစီးခဲ့ကြောင်း သိရသည်။
ကြိမ်၊ ဝါးအခြေခံ လက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ဒိုက်ဦးမြို့၌ ကျင်းပ
Feb 20,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကကြီးမှူး၍ “ကြိမ်၊ ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
လယ်ဝေးမြိုနယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 20,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများသို့ ယမန်နေ့ကစတင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။   
ပင်လောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Feb 20,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ငွေဆောင်မြို့တွင် အသက် (၅၀) နှစ်အထက် လူကြီးများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  (Pfizer)  ထိုးနှံပေး
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ အသက် (၅၀) နှစ်အ ထက်ပြည်သူများအား ယနေ့နံနက် (၁၀) နာရီမှ စတင်၍ အမှတ်(၃) ရပ်ကွက် ၊ ဟိုတယ်ဇုံလမ်း ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲရုံး၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။