သတင်းများ

သရက်မြို့၌ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေးထိုးနှံပေး
Feb 20,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၅)နှစ်မှ (၇)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက အမက ပြည်တော်အေးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဒိုက်ဦးမီးသတ်ဦးစီးဌာနမှ နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။
လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ စစ်ဆေးရေးရိတ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးညိုမြို့နယ် စည်ပင်သာယာဈေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ပူး‌ပေါင်းဆောင်ရွက်
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာဈေး မီး‌ဘေးကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Feb 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် Emergency Search & Rescue Training အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်
Feb 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် Humanity & Inclusion (Myanmar) နှင့် ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် Emergency Search & Rescue Training အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ယမန်နေ့နံနက် ၉:၃၀ အချိန်က စီမံကိန်း (၁)၊ မြလေးလမ်း၊ အမှတ် (၁၄) ရပ်ကွက်၊ အရိယဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ FDA မှ ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်များတွင် FDA မှ ထုတ်ပြန်ထားသော အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများ သီးနှံဖြစ်ထွန်းအောင်မြင်ပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက် တောင်သူများအနေဖြင့် ယခုနှစ်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး မတ်ပဲပေါ်ချိန်ဈေးကွက်သို့ ရောင်းချရာတွင် ယခင်နှစ်ကထက်ဈေးနှုန်းပိုမိုရရှိကြောင်း ဒေသခံမတ်ပဲစိုက်တောင်သူများထံမှ သိရသည်။