ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်များတွင် FDA မှ ထုတ်ပြန်ထားသော အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာမြို့မစျေးအတွင်းရှိ စျေးဆိုင်များမှ ရောင်းချလျက်ရှိသော စားသောက်ကုန်များတွင် FDA မှ ကန့်သတ်ထားသော စားသောက်ကုန်များ၊ ရက်လွန် စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မစျေးအတွင်းရှိ စျေးဆိုင်များမှ ရောင်းချနေသည့် စားသောက်ကုန်(၂၀)မျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး (၁၀)မျိုးအား ဓာတ်ခွဲစမ်းသပ်ခဲ့ရာ (၂)မျိုးမှာ တြိဂံတံဆိပ် ပဲပြားနှင့် ပန်းပွင့်တံဆိပ်ပဲပြား formalin သတ်မှတ်ပမာဏထက် ကျော်လွန်၍ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်ရှိနေသည့် စားသောက်ကုန်(၁၀)မျိုးအား တိုင်းဒေသကြီးရုံးတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)