ပင်လောင်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပင်လောင်း ဩဂုတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ခင်သိန်းထွေးက  မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် E - cigarette(Vape) ဆိုးကျိုးများကို ဟောပြောခဲ့ပြီး မူလတန်းကျောင်းသား‌/ကျောင်းသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ သံချဆေး‌တိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်ကျောင်းသူများအား Furamin BC ဆေးများ ဖြန့်ဝေပေးခြင်း၊ သာမန်ဖျားနာနေသော ကျောင်းသား/ကျောင်းသူများအား ဆေးကုသပေးခြင်း၊ ကျောင်းသား/ကျောင်းသူကလေးငယ်များအား သွားတိုက်နည်းများကို လက်တွေ့ဆောင်ရွက်ပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကျောင်းသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ သံချဆေး‌တိုက်ကျွေးခြင်း၊ အပျိုဖော်ဝင် ကျောင်းသူများအား Furamin BC ဆေးများဖြန့်ဝေပေးခြင်း၊ သာမန်ဖျားနာနေသော ကျောင်းသား/ကျောင်းသူများအား ဆေးကုသပေးခြင်း၊ ကျောင်းသား/ကျောင်းသူကလေးငယ်များအား သွားတိုက်နည်းများကို လက်တွေ့ဆောင်ရွက်ပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းမာ‌ရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရအဖွဲ့ ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းမုန့်ဆိုင်များစစ်ဆေးပြီး အိမ်သာ၊ အမှိုက်စွန့်ပစ်မှုများ၊ သောက်သုံရေများစစ်ဆေးပေးခြင်း၊ ရေလှောင်ကန်၊ ရေစည်များအတွင်း အဘိဆေးခတ်ထည့်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)