ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဝမ်းတွင်း သြဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၅)၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ကျောင်းစာများအပြင် အခြားသော ထွေထွေဗဟုသုတများတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများတိုးတက် မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့်   လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးသိန်းမြင့် (ရုပ်သံကျွမ်းကျင်-၃)က လူငယ်ရေးရာများနှင့်ပတ်သက်၍ သိကောင်းစရာ၊ ဗဟုသုတရဖွယ် မှတ်သားဖွယ်ရာများကို ဟောပြောခဲ့သည်။အဆိုပါ  ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(အမှတ်-၅)မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ Grade-7-Grade-8၊ Grade-9 ၊Grade-10တို့မှကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုရဖွယ် နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာပေပြပွဲများကို လေ့လာကြည့်ရှုခဲ့ကြသည်။ 

မြို့နယ်(ပြန်/ဆက်)