ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီပေါ်မင်းဂွတ်သီးများ ဈေးကောင်းရရှိ
Jun 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်ရှည်ပင်များ ဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကျွဲကောများကို မိမိတို့၏ခြံဝန်းများနှင့် ဉယျာဉ်ခြံများတွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအခါ ဒေသထွက် ရာသီပေါ်မင်းဂွတ်သီးများ ဈေးကောင်းရရှိလျက်ရှိသည်။