ဝေါ ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ ကျောင်းပိတ်ရက်များတွင် စာအုပ်စာစောင်များလာရောက်ငှားရမ်းဖတ်ရှုနိုင်စေရန် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စာအုပ်ပြပွဲကျင်းပခြင်းအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကပြုလုပ်ကျင်းပရာ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက်များတွင် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဝေါမြို့နယ်ရုံးစာကြည့်တိုက်အနေဖြင့် အများပြည်သူများကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်၊ သုတ/ရသစာအုပ်များအား အစိုးရရုံးဖွင့်ရက်များတွင် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတ/ရသစာအုပ်များအား ကလေးများအတွက် စုံလင်စွာ(အခမဲ့)ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)