အောင်လံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးနှိုးဆော်

အောင်လံ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူ များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးရည်ရွယ်၍ ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

အဆိုပါနှိုးဆော်မှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးသတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)