(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၁၀

ကျိုက်မရောမြို့နယ်ပညာရေးဌာနမှ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျိုက်မရောမြို့မအားကစားပြိုင်ကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ မြို့နယ်အဆင့်ကျောင်းသားအားကစားပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊မှု ကျောင်းမြို့မ အုပ်စု(၁၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အပြေးမီတာ ၁၅၀၀၊ မီတာ ၈၀၀၊ မီတာ ၄၀၀ မှ မီတာ ၁၀၀ အထိ လက်ဆင့်ကမ်းပြိုင်ပွဲများ၊ သံပြားပစ်၊ အမြင့်ခုန်၊ အလျားခုန်၊ လှံတံပစ်စသည့် အားကစားနည်းမျိုးစုံတို့အား ပါဝင်ယှဥ်ပြိုင်စေပြီး မြို့မအုပ်စုပြိုင်ပွဲ၌ ဆုရရှိသူများအားရွေးချယ်ပြီး ခရိုင်အဆင့်သို့ သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုလိုအားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် အားကစား၌ ဝါသနာပါလာပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်သည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် နေ့ထူးနေ့မြတ်များတွင် အားကစားနည်းမျိုးစုံတို့ကို ပါဝင်ယှဥ်ပြိုင်စေခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)