နတ်မောက် မတ် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တွင် ယနေ့နံနက် (၉) နာရီ အချိန်က ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) စာစစ်ဌာန တစ်ခုတည်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ရှိသူ (၁၅၁) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျောင်းသား (၄၅) ဦး၊ ကျောင်းသူ (၁၀၂) ဦး စုစုပေါင်းဖြေဆိုသူ (၁၄၇) ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၁) ဦးရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း (၉၇.၃၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း