သတင်းများ

တာချီလိတ်မြို့နယ်၌ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား
Apr 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မီးသတ်စခန်းနှင့် (၁၀)မိုင်ခန့်ကွာဝေးသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု(အထက်ရွာ)တွင် ယမန်နေ့နံနက် ၃ နာရီ မိနစ် ၃၀ အချိန်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
လားရှိုးမြို့တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုကြသည့် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဌ လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်
Apr 03,2024
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရဓမ္မာစရိယစာမေးပွဲကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌  ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ်တွင် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ
Apr 03,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဧပြီလ(၁)ရက်နေ့ညနေ (၅)နာရီအချိန်က ပြသာဒ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 03,2024
ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇×၈၅ လမ်းထောင့်ရှိ စျေးချိုတော် စျေးဌာနခွဲရုံးတွင် ၂၀၂၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့ စျေးချိုသူ မဟာသင်္ကြန်မဏ္ဍပ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဧပြီလ (၂) ရက်နေ့ ‌မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ ၂၇×၈၅ လမ်းထောင့်ရှိ စျေးချိုတော်စျေးဌာနခွဲရုံးတွင် ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ သောက်သုံရေရရှိရေးအတွက် သောက်သုံးရေများ လှူဒါန်း
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ နွေရာသီတွင် သောက်သုံးရေရှားပါးသည့် နေရာများ​​တွင် သောက်သုံးရေများ နှစ်စဥ်လှူဒါန်းခဲ့ရာ ယခုနှစ်တွင်လည်း ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၂၀၂၄) ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲကို တောင်ငူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းအား လျာထားဧကပြည့်မီရေး ကြိုးပမ်းစိုက်ပျိုးလျက်ရှိ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ပြည်သူများ ဆီစားသုံးမှုဖူလုံစေရန် ရည်ရွယ်ပြီး နွေနှမ်းလျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲကို ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။