မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များ ဆောင်ရွက်ရန် မြို့နယ်များအား အသုံးစရိတ်နှင့် Laptop တစ်လုံးစီ ထောက်ပံ့ပေးအပ်
Apr 03,2024
ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံသင်တန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ e – Government အဆောက်အဦ၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဥက္ကဋ္ဌ (၂) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရေးဦးစီးဌာန၊ ပြည်နယ်အုပ်ရေးမှူး ဦးတိုးဝင်းတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄)ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာလေ့လာ၍ အများပြည်သူများ လိုက်နာနိုင်ရေးအတွက်လည်း လက်ဆင့်ကမ်းအသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံအား စနစ်တကျလေ့လာသင်ယူပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ဝေမျှခြင်း၊ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းတို့ဖြင့် နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။