သတင်းများ

ဒေးဒရဲမြို့ နယ်အတွင်းရှိ ကျေးရွာများတွင် စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာလက်ဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားလပ်ရက်များအတွင်း ကျောင်းသားလူငယ်များ အကျိုးရှိစေရန် လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့နယ်၌ မဟာသင်္ကြန်ကာလ သက်ကြီးပူဇော်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 02,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် မဟာသင်္ကြန်ကာလ (နှစ်ဆန်းတစ်ရက်နေ့) သက်ကြီးပူဇော်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆမားခန်းမ၌ ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  ခါသကြင်္န်ပွဲတော် တူနွဲပျော် ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ညဏ်ရည်၊ညဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့ မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့်၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ဒက္ခိဏစျေး(​ဥပုတ်စျေး)တွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ရှင်အပါး (၅၀၀၀) မင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ (၁၁၉၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၁၁၉၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယ(တပေါင်း)ပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက ရွှေအင်းတောင်စေတီမြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ခန်းမတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို နေ့လယ် ၁၂ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ ဖြေဆိုကျင်းပခဲ့သည်။