တောင်တွင်းကြီး ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ညဏ်ရည်၊ညဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲအား လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကာလတွင် အခမဲ့ပန်းချီသင်တန်း တက်ရောက်နေသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကာ ပါဝင်ယှဥ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၅) ဦးရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)