တောင်တွင်းကြီး ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကဏ္ဍအလိုက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် မဟာမြိုင်သဲဖြူဆရာတော် ဘန္ဒန္တပညာဇောတထံမှ သြဝါဒကိုခံယူကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဗဟိုမဏ္ဍိပ်အပြင် မဏ္ဍပ်ငယ်များ၊ နားနေဆောင်များ၊ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များအား ဧည်ခံကျွေးမွေးမည့် ထမင်းစားဆောင်များ ဆက်လက်ဆောက်လုပ်နေခြင်း၊ သောက်သုံးရေအတွက် ရေအိုးများထားရှိရန် ဝါးကပ်စဉ်များ ဆောက်လုပ်ခြင်း၊ စတုံအထက်ဆည်ရေလှောင်ကန်မှ ရွှေရောင်တော်စေတီမြတ်ကြီးထိ မီးသတ်ကားများဖြင့် ရေများဖြန်းပတ်ခြင်း၊ ယာဉ်အန္တရာယ်မဖြစ်စေရေးနှင့် ကျန်ရှိထန်းလျက်များအား ကားများဖြင့် သယ်ဆောင်၍ လိုအပ်သည့်နေရာများအားပို့ပေးခြင်း၊ လျှပ်စစ်မီးအန္တရာယ်နှင့် လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေးအတွက် ဓာတ်တိုင်များလိုက်လံစစ်ဆေးခြင်း၊ ပျက်စီးနေသည့် ဓာတ်ကြိုးဟောင်းများအား ပြန်လည်ပြုခြင်း/ အသစ်လဲလည်ခြင်း၊ စတုံအထက်ဆည် ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားသည့် တံတားဟောင်းနေရာတွင် တံတားသစ်ပြန်လည်တည်ဆောက်ခြင်း၊ ရေလှောင်ကန်များမှ သန့်စင်ခန်း၊ ရေချိုးခန်းများသို့ ရေပေးဝေခြင်းနှင့် ကျန်ရှိရေပိုက်များ ထပ်မံတပ်ဆင်ခြင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ ရွှေရောင်တော်ဘုရားကြီး ရင်ပြင်တော်ပေါ်တွင် မီးသတ်ရေပိုက်များဖြင့် ရေများပတ်ဖြန်းခြင်းနှင့် စွန့်ပစ်အမှိုက်များအား လိုက်လံသိမ်းစည်းခြင်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)