တောင်တွင်းကြီး ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ တောင်တွင်းကြီးမြို့၊ တောင်ပြင်(၂)ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ခန်းမတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို နေ့လယ် ၁၂ နာရီအချိန်မှ ညနေ ၃ နာရီအချိန်ထိ ဖြေဆိုကျင်းပခဲ့သည်။
အဆိုပါ စာမေးပွဲသို့ ဓမ္မသင်္ဂဏိပါဠိအဌကထာဘာသာရပ်တွင် စာရင်းရှိ သံဃာ(၁၆)ပါးဖြစ်ပြီး ဖြေဆိုသံဃာ(၁၀)ပါး၊ ပျက်ကွက်သံဃာ(၆)ပါးဖြစ်ကြောင်းနှင့် အဆိုပါစာမေးပွဲအား မတ် ၂၈ ရက်နေ့မှ ဧပြီ ၉ ရက်နေ့ထိ နေ့စဉ်ဘာသာရပ်များအလိုက် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများမှ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)