မိုင်းရယ် ဧပြီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဧပြီလ ၁၆ ရက်နှင့် ၁၉ ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လေပြင်းတိုက်ခတ်မှုကြောင့် မန်ကြူကျေးရွာမှ နေအိပ်သွပ်အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါဝင်သည့် ပလပ်စတစ်ပုံးနှင့် ငွေကျပ်ငါးသောင်းကိုလည်းကောင်း၊ လွယ်ငင်းကျေးရွာမှ နေအိမ်သွပ်အမိုးလန် ပျက်စီးဆုံးရှုံး ခဲ့သည့် အိမ်ထောင်စု(၁၃)စုအတွှက် ငွေကျပ် ၄၄၀၀၀ဝိ/ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများ တက်ရောက်ကြသည်။
မိုင်းရယ်(ပြန်/ဆက်)