မိုင်းရယ် ဧပြီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအတွက် အသိပညာရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မူလွန်(တပ်တွင်း)ကျောင်းများမှ ကျောင်းသား/သူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက စာရေးဆရာ ညီညီဈာန် ရေးသားသည့် လူငယ်နှင့်ဘဝလက်ဆောင် စာအုပ်မှ လောကဓံကိုရင်ဆိုင်ပါ၊ လူ့အဆင့်အတန်း၊ တန်ဖိုးဆိုတာဘာလဲစသည့် ခေါင်းစဉ်များကို လူငယ်များအတွက် ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျောင်းသား/သူ လူငယ်များက လူထုအခြေပြုဗဟိုဌာနတွင် ပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ကြပြီး စာအုပ်စာပေများ ငှားရမ်းဖတ်ရှုခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)