သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ကျေးလက်စာသင်ဝိုင်း (၁၉)ဝိုင်း ဖွင့်လှစ်ဆောင်ရွက်
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၆-၄-၂၀၂၄)ရက်နေ့ နံနက်မှစတင်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူများအတွင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သည့် ပြည်သူများ၏ လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန်နှင့် လူမှုစီးပွားဘဝများ အဆင်ပြေလွယ်ကူချောမွေ့စေရန် ရည်ရွယ်ဖွင့်လှစ်သည့်၊ အခြေခံစာတတ်မြောက်ရေး ကျေးရွာစာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါ စာသင်ဝိုင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုဆောင်ရွက်
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ၊ ကျောင်း သား/သူများ၊ ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး နယ်လှည့် မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးခရိုင် အခြေခံပညာဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့သိုင်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ မြန်မာ့သိုင်းသင်တန်းကို ယနေ့နံနက်(၈)နာရီက(အခမဲ့) သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်များအား ပင်စင်လစာ ထုတ်ပေး
Apr 23,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် မြန်မာ့စီပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်စာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်ပြီး ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
Apr 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​မန်နေ့နံနက်(၉:၃၀)အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍  သက်ဆိုင်သူ အားလုံးပါဝင်သည့် လုပ်ငန်း ဆိုင်ရာသုံးသပ်ဆွေးနွေးပွဲပြုလုပ်
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင်သည့် လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်
Apr 23,2024
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်း
Apr 23,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။