ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရေးအတွက်“သွင်းအားစု”များ ထုတ်ပေးခြင်းအခမ်းအနား ပြုလုပ်

ဝမ်းတွင်း ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရေးအတွက် “သွင်းအားစု”များ ထုတ်ပေးခြင်း အခမ်းအနားကို ဧပြီလ(၁၂)ရက်နေ့က အင်းခမ်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် အင်းခမ်းကြီးကျေးရွာ လယ်ထွေသမ/ဝါယမအသင်းမှနွေစပါးစိုက်ပျိုးရေး စီမံကိန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရရှိသော ချေးငွေများဖြင့် အသင်းသား တောင်သူများကို သွင်းအားစုများဖြစ်သည့် မြေသြဇာနှင့် မျိုးစပါးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်ပျိုးရေးအတွက်“သွင်းအားစု” များထုတ်ပေးခြင်း အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကာ “သွင်းအားစု မြေသြဇာနှင့် မျိုးစပါး”များအား တောင်သူတစ်ဦးချင်းဆီ ပေးအပ်ခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)