ကျောက်ပန်းတောင်း ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင်သည့် လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသက်က ဘတ်ဂျက်နှစ်တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများအပြင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားနည်းချက်/အားသာချက်များ၊ လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးနိုင်စေရန် စီမံကိန်းလုပ်ငန်းကျေးရွာများမှာ အမှန်တကယ်ပါဝင်ဆောင်ရွက်နေသူအားလုံးပါဝင်သော လုပ်ငန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မိတ်ဖက်ဌာနဆိုင်ရာများက ဌာနအလိုက် လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားကြပြီး၊ အခမ်းအနားပထမပိုင်းအစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို ဆက်လက်ကျင်းပရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု သင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာများ၊ ဆိုလာရေတင်စနစ်ဆောင်ရွက်နေသည့် ကျေးရွာများ၊ VDP လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာများ အစရှိသည့်ကျေးရွာများမှ ကျေးရွာကော်မတီဝင်များအား အစုအဖွဲ့အလိုက် ဖွဲ့စည်းစေ၍ အဆိုပါ အစုအဖွဲ့အလိုက် Exit Strategy အရ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နိုင်သော ကျေးရွာများအား မြို့နယ်အဆင့် သက်ဆိုင်သူအားလုံး ပူးပေါင်း ပါဝင် သည့် သုံးသပ်ဆွေးနွေးပွဲတွင် ရွေးချယ်ရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် သက်ဆိုင်သူ အားလုံးပူးပေါင်းပါဝင်သည့် ဆွေးနွေးပွဲမှ အတည်ပြုရန် ကိစ္စ၊ ပုံစံ(၇-ခ)ဖြင့် ဆပ်/ထုတ်/ချေး စနစ်ဆောင်ရွက်ရာတွင် ပူးတွဲအထောက်အထားများ (မြို့နယ်အစည်းအဝေးမှတ်တမ်း၊ မြို့နယ်ဦးစီးမှူးထောက်ခံချက်၊ စီမံကိန်းစက်ဝန်းအလိုက် ချေးငွေလည်ပတ်ခဲ့မှု၊ ဘဏ်ရှင်း တမ်းမိတ္တူ) ပြည်စုံမှန်ကန်စေရေး အစရှိသည့် လုပ်ငန်းဆိုင်ရာများကို အစုအဖွဲ့အလိုက် သုံးသပ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲသို့ မိတ်ဖက်ဌာနများဖြစ်သည့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းကျေးရွာ(၃၅)ရွာ၊ VRFP စီမံကိန်းကျေးရွာ(၁၆)ရွာ၊ ဆိုလာရေတင်စနစ်(၁)ရွာ၊ RFP စီမံကိန်းကျေးရွာ(၁)ရွာ၊ အသက်မွေးဝမ်းကျောင်း သင်တန်းကျေးရွာ(၂)ရွာ အစရှိသည့် ကျေးရွာ(၅၅) ရွာမှ တစ်ရွာလျှင်(၂)ဦးနှုန်းဖြင့် စုစုပေါင်း ကျေးရွာကော်မတီဝင်(၁၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)