တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်များအား ပင်စင်လစာ ထုတ်ပေး

တံတားဦး  ဧပြီ ၂၃

တံတားဦးခရိုင် တံတားဦးမြို့နယ် မြန်မာ့စီပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်စာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်ပြီး ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ဧပြီလအတွက်  အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင်  သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် တံတားဦးမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ စုစုပေါင်း(၁၄၄၅)ဦးရှိရာ ယနေ့အထိ ပင်စင်ငွေ လာရောက်ထုတ်ယူပြီးသူ စုစုပေါင်း (၇၀၀)ဦးကျော်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာငွေများကို ရပ်ကွက်၊ ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ရဲတင့်(ပြန်/ဆက်)