ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့သိုင်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား

ကျောက်ဆည် ဧပြီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ မြန်မာ့သိုင်းသင်တန်းကို ယနေ့နံနက်(၈)နာရီက(အခမဲ့) သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့သိုင်းသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ကောင်းမွန်စေရေးကို အထောက်အကူပြုစေသည့် မြန်မာ့သိုင်းပညာကိုအခမဲ့သင်ယူတတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ့သိုင်းပညာသင်တန်းသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၄-ခုနှစ်ဧပြီလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၅)ရက်ကြာ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အသိအမှတ်ပြု ဇေယျာသိဒ္ဓိသိုင်းပင်မ (ရွှေတောင်)၊ ပင်မဌာနခွဲ(၂) ကျောက်ဆည်မှ လက်ထောက်နည်းပြ မောင်အောင်စိုးမိုး၊ မောင်ဝေယံဖြိုးတို့က မြန်မာ့သိုင်းအခြေခံ ဗန်တို (၆၃)မောင်းအား သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  မြန်မာ့သိုင်းသင်တန်းအပြင် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း၊ အခြေခံ အင်္ဂလိပ်စာသင်တန်း၊ အခြေခံစာစီစာကုံးရေးသားနည်း၊ အခြေခံကဗျာရေးစပ်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အခြေခံကွန်ပျူတာသင်တန်း (အခမဲ့)ဆက်လက်ဖွင့်လှစ်  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး