မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ

မက်မန်း ဧပြီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်အောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ၂၀၂၄- ၂၀၂၅ စီမံကိန်းနှစ်တွင် ထောပတ်ပင်၊ ကော်ဖီပင်များအား စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ကြိုတင်ပြင်ဆင်ထားရှိရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့ရေပေးဝေရေးအတွက် ရေပိုက်(၂၃၀)ပိုက် ထောက်ပံ့ပေးခဲ့မှုအခြေအနေအား သက်ဆိုင်ရာဌာနများက ပြန်လည်တင်ပြရန်၊ သတ်မှတ်ထားသောရက်များတွင် ကျေးရွာများသို့ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်နိုင်ရေး သက်ဆိုင်ဌာနများက ပြင်ဆင်ထားရှိရန်၊ မွန်နိုး-တွယ်နှောက် လမ်းကောင်းမွန်ရေး၊ မက်မန်း-အေးကျန့်-ကာန ကျေးရွာလမ်းကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနများ ဆောင်ရွက်သွားရန်၊ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးကြိုးများနှင့် မီးသုံးစွဲမှုများကို သက်ဆိုင်ရာဌာနဆိုင်များ ဦးဆောင်စစ်ဆေးသွားရန် ဦးဆောင်ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် အခက်အခဲများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)